Citrine aka Cairngorm

အရောင်များ
အဝါရောင် သို့မဟုတ် မီးခိုးရောင်, အညိုရောင်

တွေ့ရှိရာနေရာများ
ဘရာဇီး၊ ရုရှား၊ ပြင်သစ်၊ မာဒါဂက်စကာ၊ ဗြိတိန်၊ အမေရိကန်

ဂုဏ်သတ္တိများ
Citrine သည်အစွမ်းထက်ပြီး သန့်စင်တဲ့ ကျောက် တစ် မျိုးဖြစ်တယ်။ နေနဲ့ တူ တဲ့ စွမ်းအားကိုသယ်ဆောင်ထား တယ်။ ၎င်းသည်အလွန်အကျိုးရှိသောကျောက်ဖြစ်တယ်။ ဘယ်သောအခါမျှသန့်စင်ရန်မလိုအပ်သည့်ကြည်လင်သောကျောက် တစ်ခုဖြစ်တယ်။
Citrine ကို manifestation, ကိုယ်လိုချင်တဲ့အရာတွေ အလျှံအပယ်ရှိလာအောင်, အောင်မြင်မှု နဲ့ ကြီးပွါးချမ်းသာ အောင်, လာဘ်လာဘ ကောင်း အောင် အတွက် အသုံးပြု ကြ တယ်။

ကုစားခြင်း
Citrine သည် energizing နဲ့ recharging အတွက်အလွန်ကောင်းသောကျောက်တုံးဖြစ်တယ်။ မိမိတို့ ခန္တာကိုယ် အ တွက် အစာခြေခြင်း၊ သရက်ရွက်နှင့်ပန်ကရိယကိုလှုံ့ဆော်ပေးတယ်။ ၎င်းသည်ကျောက်ကပ်နှင့်ဆီးအိမ်အတွင်းရှိကူးစက်မှုများကိုတားဆီးပေးပြီးမျက်စိနဲ့ ဆိုင်တဲ့ ပြသာနာ များကိုကူညီပေးတယ်။ သွေးလည်ပတ်မှုတိုးစေတယ်။ သွေး ထဲကအဆိပ်အတောက် တွေကို ဖယ်ရှား ပေး တယ်။ thymus ကိုလှုံ့ဆော်ပေးပြီးသိုင်းရွိုက်ကိုထိန်းညှိပေး တယ်။ သူ့ မှာ ပူနွေးစေသောဓါတ် ရှိပြီးအာရုံကြောများကိုခိုင်မာစေတယ်။ ဟော်မုန်းများကိုမျှတစွာထိန်းညှိခြင်းနှင့်ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေရန်အတွက်အထောက်အကူပြုတယ်။

အသုံးပြုနည်း
လက် သို့မဟုတ် လည်ပင်း တွင်ဝတ်ဆင်နိုင်တယ်။ အနာရောဂါတွေ ပျောက် ကင်း အောင် နဲ့ တရားအားထုတ် တဲ့ အချိန် တွေမှာ အ ထောက်အကူ ပြု အောင် ဆောင်ထား နိုင် တယ်။ သင်၏အိမ် (သို့) business office တွေမှာ လာဘ်လာဘ ကောင်း အောင် ဘယ်ဘက် အခန်း ထောင့် မှာ ထား နိုင် တယ်။

Citrine သည်နေရောင်ခြည် မကြိုက်ပါ။

Thanks for reading. 🙂
Ref: The Crystal Bible

Leave a Reply

Your email address will not be published. Required fields are marked *